Ezylax (Lactulose)

K2,150.00
" ဝမ်းချုပ်ခြင်းတို့ ကင်းဝေးစေဖို့ "
ဝမ်းချုပ်ခြင်း၏လက္ခဏာများဖြစ်သည့်
- တစ်ပတ်ကို နှစ်ကြိမ်အောက်နည်းပြီး ဝမ်းသွားခြင်း သို့မဟုတ် ပုံမှန်သွားနေကျ ဝမ်းသွားခြင်းအကြိမ်အောက်နည်းခြင်း၊
- ဝမ်းသွားပြီးချိန်တွင် ဝမ်းကျန်နေသကဲ့သို့ ခံစားရခြင်း၊
- ဝမ်းသွားနေစဉ် ညှစ်၍သွားရခြင်း နှင့် နာကျင်ခြင်းများဖြစ်ပေါ်ခြင်းတို့ ခံစားနေရပါလျှင်...
ဝမ်းပျော့၊ဝမ်းမှန်စေဖို့ရန် Ezylax Syrup ကို ဆောင်ထားဖို့ လိုအပ်နေပါပြီ။
Ezylax တွင် Lactulose ပါဝင်ခြင်းကြောင့် ဝမ်းပျောပျော့သွားစေနိုင်သည့်အပြင် အူလမ်းကြောင်းကို ပုံမှန်အတိုင်း လှုပ်ရှားစေရန် အထောက်အကူပြုပေးပါသည်။
Ezylax သည် အူမကြီးအတွင်း lactic acid ( အက်ဆစ်အပျော့စား ) အဖြစ်ပြောင်းလဲသွားပြီး အူအတွင်းရေစိမ့်အားကို ကောင်းလာစေသည့်အပြင် အမိုးနီးယား ပါဝင်သော ဓာတ်ပေါင်းများနှင့် အခြားသောအဆိပ်‌အတောက်စုပ်ယူမှုများကို သိသာစွာလျော့ကျစေသောကြောင့် သွေးတွင်းမှ အမိုးနီးယားအဆိပ်များကိုလည်း လျော့နည်းစေပါသည်။
Ezylax ကို နာတာရှည်ဝမ်းချုပ်ခြင်းများ၊လိပ်ခေါင်းရောဂါဝေဒနာခံစားနေရခြင်းများ၊ ရှိရင်းစွဲရောဂါဝေဒနာအတွက်ဆေးဝါးများသောက်သုံးရခြင်း၏ဘေးထွက်ဆိုးကျိုးကြောင့်ဝမ်းချုပ်ခြင်းများ နှင့် ကိုယ်ဝန်ဆောင်နေစဉ် ခံစားရသောဝမ်းချုပ်ခြင်းများတွင် စိတ်ချယုံကြည်စွာ စွဲမြဲသောက်သုံးနိုင်ပါသည်။

Management of Constipation, hepatic encephalopathy. 

Since lactulose solution contains galactose, it is contraindicated in patients who require a low galactose diet.

Care should be taken in patients with lactose intolerance or in diabetic patients because of the presence of free galactose and fructose.