Faren 98 OS (Paracetamol)

K1,000.00
Pack Size: 60ml
Strength: 120mg/60ml

သားသားမီးမီးတို့ ကိုယ်အပူချိန် မြင့်တက်နေလျှင် ဖျားနာခြင်းတို့အဝေးကို လွင့်ပါးစေနိုင်တဲ့ Faren 98 OS ပါရာစီတမော ၁၂၀ မီလီဂရမ်ပါဝင်တဲ့ ကိုယ်ပူကျ အဖျားကျဆေးရည်ကိုဆောင်ထားဖို့ လိုအပ်နေပါပြီ။
Faren 98 OS ကို ကလေးငယ်တို့ အအေးမိတုပ်ကွေးဖျားနာခြင်း၊ လည်ချောင်းနာခြင်း၊ သွားကိုက်ခြင်း၊ ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်တတ်သော အဖျားရောဂါများတွင်စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါသည်။
Faren 98 OS ကို ဘလူးဘယ်ရီအရသာ၊ စတော်ဘယ်ရီအရသာ၊ လိမ္မော်အရသာ၊ သီးစုံအရသာ ( အရသာ ၄ မျိုး ) ထုတ်လုပ်ထားတာကြောင့် သားသားမီးမီးတို့ နှစ်သက်တဲ့ အရသာလေးကို ရွေးချယ်ဝယ်ယူနိုင်ပါပြီ။

သောက်သုံးရန် အညွှန်းအနေဖြင့်
၁နှစ်အောက် - ၂.၅ မီလီလီတာ မှ ၅ မီလီလီတာ ( လက်ဖက်ရည်ဇွန်းဝက် မှ ၁ဇွန်း ) တစ်နေ့ ၃ကြိမ် မှ ၄ကြိမ်။
၁နှစ် မှ ၅နှစ် - ၅ မီလီလီတာ မှ ၁၀ မီလီလီတာ ( လက်ဖက်ရည်ဇွန်း ၁ဇွန်း မှ ၂ဇွန်း ) တစ်နေ့ ၃ကြိမ် မှ ၄ကြိမ်။
၆နှစ် မှ ၁၂နှစ် - ၁၀ မီလီလီတာ မှ ၂၀ မီလီလီတာ ( လက်ဖက်ရည်ဇွန်း ၂ဇွန်း မှ ၄ဇွန်း ) တစ်နေ့ ၃ကြိမ် မှ ၄ကြိမ် တိုက်ကျွေးနိုင်ပါသည်။